MMSO MM Study Online

Terms and Conditions for Centre Admins

(A) Centre admin ၏ လုပ်ပိုင်ခွင့်များ

Centre ဆိုသည်မှာ ဆက်သွယ်စုံစမ်းရန် ဖုန်းနံပါတ်တစ်ခုအနည်းဆုံး ရှိသော ၊ သက်ဆိုင်ရာ Profession နှင့် Category များ အား နားလည်တတ်ကျွမ်းသော Centre admin အနည်းဆုံး တစ်ဦးမှ ဦးဆောင်သော၊ Category တစ်ခုတွင် အနည်းဆုံး Course တစ်ခုပြီးမြောက်သည်အထိ သင်ကြားပေးမည့် Instructor တစ်ဦး(သို့) တစ်ဦးထက်ပိုသော Instructor များဖြင့် ဖွဲ့စည်းထားသော သင်ကြားရေးအဖွဲ့အစည်းကိုခေါ်ဆိုသည်

Centre admin ဆိုသည်မှာ သက်ဆိုင်ရာ Centre မှ တရားဝင် ခန့်အပ်ထားပြီး Centre ၏ နေ့စဉ် လစဉ် လုပ်ငန်းဆောင်တာများ၊ သက်ဆိုင်ရာ Instructors များ၏ သင်ကြားရေးနှင့် သက်ဆိုင်သော လုပ်ငန်းများအား တာဝန်ယူဆောင်ရွက် စီမံခန့်ခွဲပေးမည့် သူအား ခေါ်ဆိုသည်

Centre admin သည် မိမိ Centre ၏လက်အောက်တွင်ရှိသော ၊ တည်ဆဲစာချုပ်စာတမ်းအရသက်ဆိုင်သော Instructors များ၏ Description များ, Instructors များနှင့်သက်ဆိုင်သော Course များ Chapter များ နှင့် Chapter များအောက်ရှိ Video lecture များ, Quiz များ, Resources များ, LIVE session များ, Discussion များ, Assignment များအား အသစ်ဖန်တီးခွင့်, ကြည့်ရှုခွင့်, ပြုပြင်ပြောင်းလဲပြင်ဆင်ခွင့်, ဖျက်သိမ်းခွင့် များရှိပါသညိ

Centre admin သည် မိမိ Centre အောက်တွင် Centre နှင့် တည်ဆဲစာချုပ်စာတမ်းအရ သက်ဆိုင်သော Instructors အသစ်များ အသစ်ဖန်တီးခွင့်ရှိပါသည်

Centre admin သည် Centre နှင့် စာချုပ်စာတမ်းအရ မသက်ဆိုင်သော Instructors များနှင့် Instructors များ၏ Course များနှင့် Content များ အား အသစ်ဖန်တီးခွင့်, ကြည့်ရှုခွင့်, ပြုပြင်ပြောင်းလဲပြင်ဆင်ခွင့်, ဖျက်သိမ်းခွင့် များ မရှိပါ

Centre admin သည် မိမိ Centre နှင့် သက်ဆိုင်သော Course များအတွက်သာ ဈေးလျှော့ပေးသည့် Coupon code များဖန်တီးပိုင်ခွင့်ရှိသည်

Centre admin သည် မိမိ Centre အောက်တွင် Centre နှင့် တည်ဆဲစာချုပ်စာတမ်းအရ သက်ဆိုင်သော Instructors များ၏ Course ရောင်းချရခြင်းမှရရှိသော ငွေပမာဏများ, Coupon code ဖြင့်ဈေးလျှော့ခြင်းများ ကို Reporting တွင်ကြည့်ရှုပိုင်ခွင့်ရှိပါသည်

(B) Centre နှင့်သက်ဆိုင်သော Main Admin ၏ လုပ်ပိုင်ခွင့်များ

Main Admin သည် Centre admin များ၏ သဘောတူညီမှု မရရှိပဲ Centre ပိုင်ဆိုင်သော Course များ Instructors များ Chapter များနှင့် Content များအား အသစ်ဖန်တီးခွင့်, ပြုပြင်ပြောင်းလဲပြင်ဆင်ခွင့်, ဖျက်သိမ်းခွင့် များ မရှိပါ

ကြည့်ရှုခွင့် တစ်ခုတည်းသာရှိပါသည်

အောက်တွင် ဆက်လက် ဖော်ပြပါ MMSO ၏ အရည်အသွေးသတ်မှတ်ချက်များအား Centre admin ဘက်မှ ချိုးဖောက်မှုရှိမှသာလျှင် Centre ပိုင်ဆိုင်သော Course များ Instructors များ Chapter များနှင့် Content များ Coupon code များ အား သက်ဆိုင်ရာအပိုင်းအခြားအလိုက်သာ အသစ်ဖန်တီးခွင့်, ပြုပြင်ပြောင်းလဲပြင်ဆင်ခွင့်, ဖျက်သိမ်းခွင့် များအား Main admin ဘက်မှ လုပ်ဆောင်ခွင့်ရှိပါသည်

(C) MMSO ၏ အရည်အသွေးသတ်မှတ်ချက်များ

MMSO platform တွင် Centre admin များမှ Centre Data များ, Instructors များ, Course များ, Chapter များ, Content များ(Videos, Quiz, Live sessions, Resources ) များ, Coupon code များဖန်တီးသည့်အခါ အောက်ပါ အရည်အသွေးသတ်မှတ်ချက်များဖြင့် က်ိုက်ညီမှူရှိရန်လိုအပ်ပါသည်

(C-1) Centre Data

Centre ၏ နာမည် ဖုန်းနံပါတ် နေရပ်လိပ်စာ နှင့် Description အကြောင်းအရာ အချက်အလက်များသည် လက်ရှိပကတိအခြေအနေတွင် မှန်ကန်ပြည့်စုံသော အကြောင်းအရာ အချက်အလက်များဖြစ်ရမည်

(C-2) Instructors

Instructors Profile ပုံများ၊ နာမည်များနှင့် Description များသည် မှန်ကန်မှုရှိရမည်

Instructors များသည် Centre များတွင် အမှန်တကယ် သင်ကြားနေသော ဆရာ/ဆရာမများဖြစ်ရမည်

Instructors များသည် Course တစ်ခုအား ပြီးဆုံးသည်အထိ သင်ကြားရေးတာဝန်ယူနိုင်သူများ ဖြစ်ရမည်

အစိုးရ၏ တည်ဆဲဥပဒေ တစ်ခုခုကိုချိုးဖောက်ထားသူများမဖြစ်ရပါ

(C-3) Courses and Chapters

Course များနှင့် Chapter များအတွက် သင်ယူမည့် users များအတွက် မှန်ကန်သော အဆင်ပြေသော Title များ Descriptions များ Information များ ဖြည့်ပေးရပါမည်

Title များတွင်ပါဝင်သော Words များ၏ အစစာလုံးများကို capital letter များဖြင့် ဖြည့်စွက်ရမည်

မပြီးပြည့်စုံသေးသော Course များအား Inactive Course အဖြစ် ထားရှိရမည်

ပြီးပြည့်စုံမှသာ Courseအား Active state သို့ပြောင်းလဲရမည်

Course တစ်ခုတင်ပြီး ၂ ရက်အတွင်း Main admin ဘက်မှစစ်ဆေးအကဲဖြတ်ပါမည် အရည်အသွေးပြည့်မီ မှသာ Main admin ဘက်မှ တင်ခွင့်ပြုမည်ဖြစ်ပါသည်

ဆရာတစ်ဦးလျှင် Free Course 2 ခုထက်ပိုတင်ခွင့်မရှိပါ

Centre တစ်ခုလျှင် Free Course 10 ခုထက်ပိုတင်ခွင့်မရှိပါ

Course/chapter များ၏ သက်တမ်းအား 1/2/3 နှင့် 6/9/12 months များ အနက်မှ ၁ မျိုးစီရွေးချယ်ထားနိုင်ပါသည်

6/9/12 months များ၏ ဈေးနှုန်းသည် 1/2/3 months ၏ ဈေးနှုန်း၏ ၂ ဆ အနည်းဆုံးရှိရမည်

(C-4) Contents များ

Content များ(Videos, Quiz, Live sessions, Resources,Discussion, Assignment ) များ သည် Centre မှ အမှန်တကယ် Copyright ပိုင်ဆိုင်သော Content များဖြစ်ရမည်

မိမိ centre နှင့် မသက်ဆိုင်သော အခြား Centre အခြား instructor နှင့် အခြားအဖွဲ့အစည်းလူပုဂ္ဂိုလ်များ၏ Copyright ပိုင်ဆိုင်သော Content များအား ကူးယူသုံးစွဲဖော်ပြ ခြင်း မပြုရ

(C-4-a) Videos

Video lecture များသည် အနည်းဆုံး 720p Resolution ရှိရပါမည် ရုပ်သံကြည့်လင်ပြတ်သားရပါမည်

MP4 Format (Horizontal 1280*720 frame, 30fps, 512K Bitrate, RGB Colored) ဖြစ်ရမည်

Video lecture များတွင် အသံထစ်နေခြင်း ရုပ်နှင့်အသံပြတ်တောက်ခြင်း Noise ပါဝင်နေခြင်း ရုပ်မကြည်လင်ခြင်း ရုပ်ဝါးခြင်းများ မရှိရ

သက်ဆိုင်ရာ Course သင်ကြားရေးနှင့် မသက်ဆိုင်သော ရုပ်သံများ မပါဝင်ရ

Video lecture ခေါင်းစဉ်များကို ပြည့်စုံသော Title များဖြည့်စွက်ရမည် အစစာလုံးများကို capital letter ဖြင့်ဖြည့်စွက်ရမည်

Video lecture တစ်ခုလျှင် အနည်းဆုံး ၅ မိနစ်မှ အများဆုံး ၃၀ မိနစ်အထိသာလက်ခံပါသည် ၊ သင်ကြားမည့်ခေါင်းစဉ် ငယ် တခုအား ထိုအချိန်အတွင်းပြီးပြတ်အောင် ပြောရန်လိုအပ်ပါသည်

Copyright မပိုင်ဆိုင်သော textbookများ ebook များအား screenshare ဖြင့် မဖွင့်ပြရ - ထို စာအုပ်များမှ ဖော်ပြလိုသော စာမျက်နှာ၏တစိတ်တပိုင်းကိုသာ ပုံဖြင့် crop ပြီးဖြစ်စေ powerpoint အသုံးပြုပြီး စာဖြင့်ဖြစ်စေ ကူးယူဖော်ပြနိုင်သည်

မိမိကူးယူဖော်ပြထားသော textbook နှင့် author များအား Reference ထည့်ရေးရန်လိုအပ်သည်

Video lecture များကို ပါဝင်သော Course နှင့် Chapter များ ပြီးပြည့်စုံသည် အထိ Upload ပေးရမည်

အနည်းဆုံး Video Lecture တစ်ခုအား Free Video Lecture အဖြစ် Chapter တိုင်းတွင် ထားရပါမည်

Chapter တစ်ခုလျှင် Video ၏ ၂၀% ကိုသာ Free Video အဖြစ်ထားခွင့်ရှိသည် (အများဆုံး Video 2 ခုသာ ထားခွင့်ရှိသည်)

Free Video Lecture များတွင် ကြော်ငြာ Video 10-30 sec ထည့်ခြင်းအတွက် Centre ဘက်မှ သဘောတူပါသည်

(C-4-b) Quiz

Quiz များသည် Chapter တစ်ခုလျှင် အနည်းဆုံး ၅၀ ပုဒ်ပါဝင်ရမည်

Quiz များတွင် Explanation info များ ဖြည့်စွက်ရမည်

Quiz Group များတွင် user များအတွက် လုံလောက်ပြည့်စုံသော Quiz Questions, Answers များ, Overall info, Quiz Info, များနှင့် Explanation info များအားဖြည့်စွက်ပေးရမည်

အမှတ်ပေးခြင်းအတွက် မှန်ကန်သော အဖြေများအားရွေးချယ်ပေးထားရမည်

(C-4-c) Resources

Resources များ (pdfs, Powerpoints, Docs) သည် Course နှင့် Chapter များနှင့် သက်ဆိုင်သော articles များဖြစ်ရမည်

Course နှင့် chapter များပြည့်စုံရန် လိူအပ်သမျှ Resources များအား Upload ပေးရမည်

Resources များတွင် pages များအားလုံးပြည့်စုံစွာပါဝင်ရမည်

Copyright မပိုင်ဆိုင်သော textbook များ ebook များအား မတင်ရ , Course/Chapter Description တွင်သာ reference အဖြစ် ရည်ညွန်းပေးရမည်,

Resources များတွင် ဖတ်ရှုရန် မရသော အဆင်မပြေသော ပျက်ဆီးနေသော Page များ မပါဝင်ရ

ဥပဒေနှင့် မလွတ်ကင်းသော Resources များမပါဝင်ရ

(C-4-d) LIVE sessions

LIVE Sessions များတွင် မှန်ကန်သော ခေါင်းစဉ် နေ့ရက် အချိန် များအားဖြည့်စွက်ရမည်

LIVE sessions များအား အချိန်ပြောင်းလဲလိုပါက User များအား 5 ရက်ကြိုတင်အကြောင်းကြားရမည်

LIVE sessions များတွင်ပါဝင်သော နေ့ရက် နှင့် အချိန်များအတိုင်း Instructor မှ မပျက်မကွက် သင်ကြားရမည် ပျက်ကွက်ပါက ပျက်ကွက်သည့် session တန်ကြေးအတိုင်းပေးလျော်ရပါမည်

LIVE sessions များ သည် Course နှင့် Chapter များနှင့် သက်ဆိုင်သော LIVE sessions များဖြစ်ရမည်

LIVE session များအား Course နှင့် Chapter များ ပြီးပြည့်စုံစွာ ဆုံးခန်းတိုင်သည်အထိ Instructor မှ သင်ကြားပေးရမည် တည်ဆဲဥပဒေနှင့် မလွတ်ကင်းသော သင်ကြားရေးများအား မပြုလုပ်ရ

LIVE session များတွင် အသက် ၁၆ နှစိအောက်ကလေးများ၏ Video များ Audio များအား Record ပြုလုပ်ခွင့်မရှိပါ

(C-4-e) Discussion Forum

Discussion Forum တွင် သက်ဆိုင်ရာ Instructor မှ ၃ ရက်လျှင် အနည်းဆုံး တကြိမ် User များမှမေးမြန်းသော discussion များအား ပြန်လည် ဖြေကြားပေးရမည်

(C-4-f) Assignment

Assignment တွင်ပြီးပြည့်စုံသော instruction နှင့် တင်ရမည့် file အရေအတွက်များအားသတ်မှတ်ပေးရမည်

Assignment တင်လာပါက ၃ ရက်အတွင်းစစ်ဆေး အကဲဖြတ်ပြီး အမှတ်ပေးခြင်း အအောင်အရှူံးသတ်မှတ်ခြင်း feedback ပေးခြင်းများအား လုပ်ဆောင်ရမည်

(C-4-g) Storage

Course တစ်ခုလျှင် တင်ထားသော Video များ နှင့် Resources များ၏ စုစုပေါင်း size သည် 30GB ထက်မပိုရ

Centre တစ်ခုလျှင် တင်ထားသော Video များ နှင့် Resources များ၏ စုစုပေါင်း size သည် Unlimited ဖြစ်သည်

(C-5) Coupon Code များ

Centre ဘက်မှ ဖန်တီးသည့် Coupon Code များသည် Course ရောင်းချငွေ၏ 50% အထိသာ လျှော့ဈေးအားလက်ခံပါသည်

လျှော့ဈေး 50% ထက်ပိုသော Coupon Code များဖန်တီးခွင့်မရှိပါ

(C-6) ဈေးနှုန်း

Course များ၏ ဈေးနှုန်းများကို User များအတွက် သင့်​လျော်သော ဈေးနှုန်းများ ထားရှိရမည်

တခြား Platform တွင် တင်ထားသော ဈေနှုန်းးနှင့် MMSO platform တွင် တင်ထားသော ဈေးနှုန်း တို့သည် ၁၀% ထက်ပိုသော ဈေးကွာဟမှုမရှိရ

Course တစ်ခုလုံး၏ ဈေးနှုန်းသည် ၃၀၀၀၀ ကျပ် ထက်မလျော့နည်းရ

လျှော့ဈေး 80% ထက်မပိုရ, လျှော့ပြီးဈေးနှုန်းသည် ၂၅၀၀၀ ကျပ် ထက်မလျော့နည်းရပါ

(D) ဈေးလျှော့ခြင်း ဆိုင်ရာ သဘောတူညီချက်များ

MMSO နှင့် Centre တို့ကြားတွင် Marketing ရည်ရွယ်ချက်အတွက် Course များ၏ ကြိုတင်လျာထားလျှော့ဈေးအား 10% အဖြစ် ထားရှိပါကြောင်း နှစ်ဖက်လုံးမှ သဘောတူပါသည်

၁၀% ထက်ပိုသော Coupon code ဈေးလျှောခြင်းများပြုလုပ်ပါက ဈေးလျှော့သောဘက်မှ အခြားတစ်ဘက်အား ၁၀% ထက်ပိုသော ဈေးလျော့နည်းခြင်းအတွက် လျော့နည်းသောငွေပမာဏအား ထပ်ဆောင်းပေးဆောင်ရမည်

Coupon code များသည် 50% ထက်မပိုသော ဈေးလျှော့ခြင်းဖြစ်ရမည်

(E)course/chapter သက်တမ်းကုန်ဆုံးခြင်းနှင့် သက်တမ်းတိုးခြင်း

User မှ ဝယ်ယူထားသော Course/Chapter များ၏ သက်တမ်းများကုန်ဆူံးသွားပါက အဆိုပါ Course/chapter များ Lock ပြန်ကျသွားမည်ဖြစ်ပါသည်

ဝယ်ယူထားသော Course/chapter များ၏ video player data များ , Progress များ , Quiz Marks ,Assignment များ အား လုံး သက်တမ်းပြည့်ပြီး သက်တမ်း ထပ်မတိုးပါက Lock ကျသွားသည့်အခါ အဆိုပါ data များအားဖျက်သိမ်းသွားမည်ဖြစ်သည်

Discussion နှင့် Certificate data များသာ ဆက်လက်ကျန်ရှိမည်ဖြစ်သည်

Lock မကျခင်သက်တမ်းတိူးပါက အဆိုပါ data များ ဆက်လက်တည်ရှိနေပါမည်

အဆိုပါ Course/chapter တို့အား လက်ရှိပေါက််ဈေး အတိုင်း user ဘက်မှ သက်တမ်းထပ်မံတိုး နိုင်ပါသည်

(F) ငွေပြန်အမ်းခြင်း

Course/chapter များအား user ဘက်မှဝယ်ယူပြီးပါက ငွေပြန်မအမ်းပါ

Course/chapter များတွင် error များပါဝင်နေမှသာ ငွေပြန်အမ်းရပါမည်

(G)တာဝန်ယူမှု တာဝန်ခံမှု

(G-1) Centre admin ဘက်မှ တာဝန်ယူမှု တာဝန်ခံမှုများ

Centre အောက်တွင် ရှိသာ Instructors , Courseများ, Chapter များ, Content များ, Certificate များ, Coupon Code များ၏ Data များ နှင့်ပတ်သက်ပြီး သင်ယူခြင်းဆိုင်ရာ(သို့) ဥပဒေဆိုင်ရာ(သို့) Copyright ဆိုင်ရာ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက Centre တွင်သာအပြည့်အဝ တာဝန်ရှိပါသည်

အခြား အဖွဲ့အစည်းတစ်ခု ,လူပုဂ္ဂိုလ်တစ်ဦး ၏ Copyright ပိုင်ဆိုင်သော Content တစ်ခုအား အသုံးပြုထားခြင်း ထင်ရှားပါက အဆိုပါ Content ပါဝင်သော Course အား ချက်ချင်း ဖျက်သိမ်းသွားမည်ဖြစ်ပါသည်

Course တစ်ခုအား အနည်းဆုံး User တစ်ဦးထံသို့ရောင်းချထားပြီးပါက MMSO နှင့် လက်တွဲဖြုတ်သည်ဖြစ်စေ မဖြုတ်သည်ဖြစ်စေ အဆိုပါ သက်ဆိုင်ရာ Course တစ်ခု ရောင်းချသက်တမ်းကုန်သည်အထိ ပြီးပြည့်စုံသည် အထိ chapter များ Content များ ဖြည့်စွက်ပြင်ဆင်ပေးရမည်

User များ၏ Course သက်တမ်း ကုန်ဆူံးသည်အထိ Discussion များ Assignments များအား စိစစ် အကဲဖြတ် ဖြေဆို ဆောင်ရွက်​ပေးရမည်

ဖြည့်စွက်ခြင်း ပြင်ဆင်ပေးခြင်း ပျက်ကွက်ခဲ့ပါက ဝယ်ယူထားရသော User နစ်နာခြင်းအတွက် သက်ဆိုင်ရာ Course ရောင်းရငွေအား Centre မှ user အသီးသီးထံသို့ ပေးလျော်ခြင်း၊ အဆိုပါ သက်ဆိုင်ရာ Courseအတွက် ဝယ်ယူထားသော User အသီးသီးအတွက် Service charge အား Centre မှ MMSO၏ အစားလျော်ပေးခြင်း တို့ဖြင့် တာဝန်ယူရပါမည်

Course/chapter Content များ၏ Copyrightပြဿနာများ နှင့် တည်ဆဲဥပဒေဆိုင်ရာ ချိုးဖောက်ခြင်း ကိစ္စများနှင့်ပတ်သက်ပြီး ပြဿနာတစုံတရာပေါ်ပေါက်ပါက သက်ဆိုင်ရာ Centre ဘက် မှ အပြည့်အဝ တာဝန်ယူ ရမည်​ဖြစ်ပြီး MMSO ဘက်မှ တာဝန်ယူမည် မဟုတ်ပါ

(G-2) MMSO ဘက်မှ တာဝန်ယူမှု တာဝန်ခံမှုများ

MMSO ဘက်မှ Platform ၏ လုပ်ဆောင်ချက်များ, Centre Instructor Course Chapter Content များဖန်တီးခြင်း, Video ကြည့်ရှုခြင်း, Quiz ဖြေဆိူခြင်း, LIVE session တက်ရောက်ခြင်း, Resources များ ဖတ်ခြင်း အစရှိသော လုပ်ဆောင်ချက်များ နှင့် ပတ်သက်ပြီး ပကတိအရှိအတိုင်း လုပ်ဆောင်ချက်များအတိုင်းသာ အတိုင်းအတာတစ်ခုအထိသာ တာဝန်ယူပါသည်

အဆိုပါလုပ်ဆောင်ချက်များသည် သုံးစွဲသူUser များအားလုံး ပြီးပြည့်စုံစွာ စိတ်တိုင်းကျသည်အထိ ပြီးပြည့်စုံခြင်းအတွက် တာဝန်မယူပါ

User များမှ ဝယ်ယူထားသော Course /chapter များ၏ သက်တမ်းတစ်ခုပြည့်သည်အထိ MMSO Platform မှတဆင့် သင်ယူနိုင်စေရေးအတွက် တာဝန်ယူပါသည်

Platform အနေခြင့် Platform ၏ လုပ်ဆောင်ချက်များ ပျက်ယွင်းခြင်း ရပ်တန့်ခြင်းများ အား ပြုပြင်ပေးခြင်းအတွက် နိုင်ငံအတိုင်းအတာဖြင့် လျှပ်စစ်မီး အင်တာနက်လိုင်းများပြတ်တောက်ခြင်း, ကမ္ဘာ့အတိုင်းအတာ နိုင်ငံအတိုင်းအတာဖြင့် server down ခြင်း , သဘာဝဘေးအန္တရာယ်ကပ်ဆိုးများ , ကုမ္ပဏီဒေဝါလီခံခြင်း အစရှိသော MMSO ၏ ပြုပြင်ပေးနိုင်စွမ်းထက်ကျော်လွန်သော ကိစ္စရပ်များမှ အပ ကျန်ပြဿနာများအတွက် ပြဿနာ အကြီးအသေးပေါ်မူတည်ပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်း Centre များဘက်မှစိတ်တိုင်းကျသည်အထိ အကောင်းဆူံး ကြိူးစားခြင်းဖြင့် ၂၄ နာရီအတွင်း အမြန်ဆုံး ပြုပြင်ပေးမည်ဟု တာဝန်ယူပါသည်

MMSO နှင့် လက်တွဲလုပ်ကိုင်နေသော Third-Party Service Provider များ (AWS, Apple, Vimeo, Google firebase, etc) ဘက်မှ ဖြစ်ပွားသော ပြဿနာများအား MMSO ဘက်မှ ၂၄ နာရီအတွင်း တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်ပါ ။ သို့သော် အမြန်ဆုံးနည်းဖြင့် Service Provider ပြောင်းလဲခြင်း Alternative နည်းလမ်းများရှာဖွေခြင်း တို့ဖြင့် ပြုပြင်ပေးသွားမည်ဖြစ်ပါသည်

နိုင်ငံအတိုင်းအတာဖြင့် လျှပ်စစ်မီး အင်တာနက်လိုင်းများပြတ်တောက်ခြင်း, ကမ္ဘာ့အတိုင်းအတာ နိုင်ငံအတိုင်းအတာဖြင့် server down ခြင်း, သဘာဝဘေးအန္တရာယ်ကပ်ဆိုးများ, ကုမ္ပဏီဒေဝါလီခံခြင်း , Third-Party Service Provider များတွင် ဖြစ်ပွားသော ပြဿနာများ အစရှိသော MMSO ၏ထိန်းချုပ်နိုင်စွမ်းထက်ကျော်လွန်သော ပြဿနာများမှ အပ ကျန်ပြဿနာများကြောင့် Centre များ၏ Content များ Data များ ပျက်ဆီးခြင်း ပျောက်ဆုံးခြင်းများ အတွက် MMSO ဘက်မှ User များနှင့် Centre များအတွက် အပြည့်အဝတာဝန်ယူပါသည်

Centre ဘက်မှ ဖျက်ပစ်ခြင်း ပြုပြင်ခြင်း ကြောင့် မဟုတ်ပဲ course/chapter များ၏ Content များ Data များ ပျက်ဆီးခြင်း ပျောက်ဆုံးခြင်းများ အတွက် တာဝန်ယူသည့်အနေဖြင့် Course/chapter ဝယ်ယူထားရသော User နစ်နာခြင်းအတွက် သက်ဆိုင်ရာ Course/chapter ရောင်းရငွေအား MMSO မှ user ထံသို့ ပေးလျော်ခြင်းဖြင့် တာဝန်ယူပါသည်

Centre ဘက်မှ ဖျက်ပစ်ခြင်း ပြုပြင်ခြင်း ကြောင့် မဟုတ်ပဲ Course/chapter များ၏ Content များ Data များ ပျက်ဆီးခြင်း ပျောက်ဆုံးခြင်းများ အတွက် တာဝန်ယူသည့်အနေဖြင့် Centre ထံသို့ သက်ဆိုင်ရာ Course/chapter ဈေးနှုန်း၏ ၂ ဆအား Centre ထံသို့ ပေးလျော်ခြင်းဖြင့် MMSO ဘက်မှ တာဝန်ယူပါသည်

ထို့အပြင် Centre များမှပိုင်သော Data များကို MMSO admin and development team , ချိတ်ဆက်လုပ်ဆောင်နေသော third party services (such as AWS, Apple, vimeo, Google firebase analytics, etc), third party individuals( service supporters, service analytics) များမှ access ပြုလုပ်ခွင့်ရှိမည်ဖြစ်ပြီး ကျန် မည်သူတစ်ဦးတယောက်မျှ အဖွဲ့အစည်းကမှ Access ပြုလုပ်ခွင့်ရရှိမည်မဟုတ်ကြောင်း တာဝန်ယူပါသည်

ထိုသို့လုံခြုံမှုကိုတာဝန်ယူမည်​ဖြစ်သည့်အတွက် MMSO platform တွင် တင်ထားသော Content များကို အခြား security မလုံခြုံသော platform များ (ဥပမာ - telegram, youtube, Facebook, Instagram, Google drive, Google classroom, etc) တွင် တင်ခွင့်မရှိပါ

ထိုသို့ မလုံခြုံသော အခြား platform များတွင် ပြိုင်တူတင်ထားပြီး data ပေါက်ကြားခြင်း ဖြစ်ပေါ်ခဲ့လျှင် MMSO ဘကိမှ မည်သည့်တာဝန်မှ ယူမည်မဟုတ်ပါ

Content data လုံခြုံမှုအား MMSO platform မှ token bound encryption များ, screen record, screenshare များပိတ်ဆို့ခြင်းများ စသည်တို့ ဖြင့်တာဝန်ယူသော် လဲ user ဘက်မှ အခြား device တလုံးဖြင့် app screen အား Video Photo ရိူက်ကူးပြီး content data တရားမဝင်ဖြန့်ဖြူးခြင်းအား မတားဆီးနိုင်ပါ

ထိုကဲ့သို့ data ဖြန့်ဖြူးခြင်းဖြစ်ပွားပါက screen တွင်ပေါ်နေသော user ID ဖြင့် ဖြန့်ဖြူးသူအား သိရှိနိုင်ပြီး တရားစွဲဆိုသည်အထိ ကူညီပေးသွားမည်ဖြစ်ပါသည် သိူ့သော် တရားစွဲစာရိတ်အား MMSO ဘက်မှကျခံပေးမည်မဟုတ်ပါ

(H) Teacher များ နုတ်ထွက်ခြင်း အသစ်ဝင်ရောက်ခြင်း နှင့် အခြား Centre မှ ကူးပြောင်းခြင်း

(H-1) Teacher သည် သက်ဆိုင်ရာ Centre မှ နုတ်ထွက်ပါက

အဆိုပါ Teacher နှင့်သက်ဆိုင်သော Data များ Course များ Chapter များ Content များ Coupon code များ အားလုံး Disabled state သို့ ရောက်ရှိပါမည်

အဆိုပါ Disabled State သို့ရောက်ရှိသော Course နှင့် Chapter များ အား Centre ဘက်မှ ဆက်လက်ရောင်းချခွင့်မရှိပါ

အဆိုပါ Course နှင့် Chapter များ အား ရောင်းချထားသော User များသက်တမ်းမကုန်မီ အထိCentre ဘက်မှ ဖျက်သိမ်းခွင့်မရှိပါ

Disabled State သို့ရောက်ရှိသော Coupon codeများ အား Centre ဘက်မှ ပြုပြင်ပြောင်းလဲပြင်ဆင်ခွင့်ရှိပါသည် ဖျက်သိမ်းခွင့်ရှိပါသည်

(H-2) Centre A မှ Centre B သို့ Teacher ကူးပြောင်းပါက

Centre A အောက်တွင် အဆိုပါ Teacher ဖန်တီးခဲ့သော Data များ Course Chapter များ Coupon code များအားလုံး Disabled state သို့ ရောက်ရှိပါမည်

အဆိုပါ Disabled State သို့ရောက်ရှိသော Course နှင့် Chapter များ အား Centre A နှင့် B မှ ဆက်လက်ရောင်းချခွင့်မရှိပါ

အဆိုပါ Course နှင့် Chapter များ အား ရောင်းချထားသော User များသက်တမ်းမကုန်မီ အထိCentre A နှင့် B ဘက်မှ ဖျက်သိမ်းခွင့်မရှိပါ

Disabled State သို့ရောက်ရှိသော Coupon codeများ အား Centre A ဘက်မှ ပြုပြင်ပြောင်းလဲပြင်ဆင်ခွင့်ရှိပါသည် ဖျက်သိမ်းခွင့်ရှိပါသည်

(H-3)

Disabled State သို့ရောက်ရှိသော Coupon code များ အား User များမှ သုံးစွဲခွင့်မရှိပါ

Disabled State သို့ရောက်ရှိသော Course နှင့် Chapter များ အား ဝယ်ယူထားသော User များမှ သက်တမ်းမကုန်မီ အထိ ဆက်လက်သုံးစွဲပိုင်ခွင့်ရှိသည် အဆိုပါ Course နှင့် Chapter များ သက်တမ်းကုန်ဆုံးပါက user မှ သက်တမ်းတိူးခွင့်မရှိပါ

(I) ရောင်းရငွေအပ်နှံခြင်း

လစဉ်လတိုင်း 1 ရက်နေ့ မှ 15 ရက်နေ့အတွင်း ရောင်းရငွေများမှ Centre ရရှိရမည် ငွေပမာဏအား 16 ရက်နေ့မှ 20 ရက်နေ့အတွင်း ပေးဆောင်ပါမည်

16 ရက်နေ့ မှ လကုန်ရက်နေ့အတွင်း ရောင်းရငွေများမှ Centre ရရှိရမည် ငွေပမာဏအား နောက်လ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း ပေးဆောင်ပါမည်

Centre မှရရှိမည့်ငွေပမာဏ မှာ စုစုပေါင်း ရငွေမှ MMSO platform fees (15)% နှင့် Bank များမှ သတ်မှတ်ထားသော % များနုတ််််ပြီး ကျန်ငွေပမာဏဖြစ်ပါသည်

For Direct Pay and Digital Wallet Payment

No

Payment Provider

Pricing Type

Total Pricing

Range

1

KBZ Bank Direct Pay

Percentage (%)

1.9%

-

2

  KBZ Pay

Percentage (%)

1.9%

-

3

  KBZ Pay & KBZ Bank Direct Pay (digital contents)

Percentage (%)

15%

 

4

Wave Pay

Percentage (%)

3.4%

-

5

True Money

Percentage (%)

0.4% + 200 MMK

-

6

Mytelpay

Percentage (%)

2%

-

7

AYA Pay

Percentage (%)

0.7%

-

8

MPU

Percentage (%)

0.8% + 200 MMK

-

9

 MPT Pay

Percentage (%)

1.5%

 

10

UAB SAI SAI Pay

Percentage (%)

0.9%

-

11

M-Pite San

Percentage (%)

1.9%

-

12

OnePay

Percentage (%)

1.9%

-

13

Visa, Master, JCB

Percentage (%)

3.9%

-

14

CB Pay

Percentage (%)

1.5%

-

15

Citizen Pay

Percentage (%)

1.9%

-

16

MAB Mobile Banking

Percentage (%)

1%

Under 200,000 MMK

17

MAB Mobile Banking

Fixed

MMK 1,200

Above 200,000 MMK

(J) Copyright

MMSO platform တွင် Centre မှ ဖန်တီး Upload ပြီးသော Content များဖြစ်သည့် Video Lecture file များ၊ Quiz File များ၊ Resoruces file များအား သက်ဆိုင်ရာ Centre မှ သာ copyright ပိုင်ဆိုင်ပါသည်

MMSO မှတာဝန်ယူရိုက်ကူးပေးရသော Video များအား Centre မှ Copyright ပိုင်ဆိုင်ပြီး MMSO မှ Related Right ပိုင်ဆိုင်ပါသည်

Related right အရ အဆိုပါ Video များအား လက်တွဲဖြုတ်ပြီးသည့်တိုင် MMSO platform တွင် ၄ နှစ်အထိရောင်းချရမည်ဖြစ်သည် အဆိုပါရောင်းရငွေပမာဏများအား ပုံမှန်အတိုင်း centre အား MMSO မှ အပ်နှံရမည်ဖြစ်သည်

MMSO platform တွင် Complete course တင်ပြီး စတင်ရောင်းချသည့်ရက်မှ ၆ လ အတွင်း ဝယ်သူ တဦးမှ မရှိပါက Course နှင့် Course content များအား MMSO ဘက်မှ ဖျက်သိမ်းသွားမည်ဖြစ်ပါသည် အဆိုပါ Content များအား ပြန်လည် upload ခွင့်မရှိပါ

MMSO နှင့် Centre တို့ လက်တွဲဖြုတ်ပြီးပါက MMSO platform တွင် Upload ပြုလုပ်ထားသော Content များအား ဆက်လက်ရောင်းချခွင့် ခြင်းမရှိတော့ပဲ disabled content များအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး

ယခင်ဝယ်ယူထားရှိသူများအတွက် ဆက်လက် အသုံးပြုခွင့်မှအပ MMSO, သက်ဆိုင်ရာ Centre နှင့် Instructor တို့မှ MMSO platform ပေါ်တွက် ဆက်လက်ရောင်းချခွင့် မရှိတော့ပါ

Related Right ပိူင်ဆိုင်သော content များကိုသာ MMSO ဘက်မှ ဆက်လက်ရောင်းချခွင့်ရှိပါသည်

အဆိုပါ Content များကို Centre မှ လက်တွဲဖြုတ်ပြီး ၁ လ အတွင်း Download ပြုလုပ်သိမ်းဆဲနိုင်သည် (K) လက်တွဲဖြုတ်ခြင်း နှငိ့ Data များ Content များအားဖျက်သိမ်းခြင်း

Centre နှင့် MMSO တို့သည် လက်တွဲပြီး ၃ နှစ်အထိ သင်ကြားရေးအတွက် အတူဆောင်ရွက်ကြရမည်

MMSO ဘက်မှာဖြစ်စေ Centre ဘက်မှဖြစ်စေ ဒေဝါလီခံခြင်း၊ လုပ်ငန်းဖျက်သိမ်းခြင်း၊ တည်ဆဲဥပဒေချိုးဖောက်ခြင်း နှင့် တဖက်မှ အခြားတဖက်အား လုပ်ငန်းအရထိခိုက်ပျက်ဆီးစေခြင်း များရှိပါက ၃ နှစ်မပြည့်ခင် လက်တွဲဖြုတ်နိုင်ပါသည်

လက်တွဲဖြုတ်လိုပါက လက်တွဲဖြုတ်လိုသော ဘက်မှ အခြားတဖက်သို့ စာဖြင့် ရက် ၃၀ ကြိုတင်အကြောင်းကြားရမည်

လက်တွဲဖြုတ်ပြီးသည့်တိုင် Centre admin နှငိ့ MMSO သည် Course/chapter/content များ Data များအား ဝယ်ယူထားသော User အတွက် Course/chapter များသက်တမ်းမကုန်မီအထိ ဖျက်သိမ်းခွင့်မရှိပါ

ဆက်လက်ရောင်းချခြင်းအားရပ်တန့်ရန် Inactive state သာပြုလုပ်ခွင့်ရှိသည်

သက်တမ်းအားလုံးကုန်ဆုံးမှသာလျှင် ဖျက်သိမ်းခွင့်ရှိသည်

Centre ဘက်မှ မဖျက်သိမ်းပါက MMSO ဘက်မှ လက်တွဲဖြုတ်ပြီး/သက်တမ်းအားလုံးကုန်ပြီး ၁ လအတွင်း centre ၏ Content များအားလုံး ဖျက်သိမ်းသွားမည်ဖြစ်ပါသည်

(L) Centre နှင့် Instructor ကြား ကြိုတင်သဘောတူခြင်း

အထက်ဖော်ပြပါ အချက်အားလုံးကို Centre အောက်တွင် သင်ကြားမည့် Instructor များမှ Centre အား ကြိုတင်သဘောတူညီပြီးဖြစ်ရပါမည်

(N) Centre အောက်တွင်ရှိသော Instructor များ၏ လုပ်ပိုင်ခွင့်များ

Centre အောက်တွင်ရှိသော Instructor များသည် , သက်ဆိုင်ရာ Course များ, Chapter များ, Content များ(Videos, Quiz, Live sessions, Resources) များ အား View Only (and/or) Edit ခွင့် ရှိပါသည်, Course fees, Discount, Course access duration, User Datas (Course progress, Quiz marks, LIVE attendance) , Coupon code များ, Report များအား View Only ကြည့်ရှုခွင့်သာ ရှိပါသည်