နောက်ဆုံးပြင်ဆင်သည့်နေ့: April 22, 2026
ဘယ်ဘက် column ကနေ section တစ်ခုရွေးပြီးဖွင့်နိုင်ပါတယ်။
အထွေထွေ
Account Suspended (အကောင့်ပိတ်ခံရခြင်း) ဘယ်လိုဖြစ်နိုင်ပါလဲ
▾
Device အရေအတွက် ၃ လုံး အထက်ကို ၃ လ အတွင်းဝင်မိပါက ၄၈ နာရီကြာ suspended ဖြစ်နိုင်ပါတယ်
၄၈ နာရီပြည့်ပါက ပုံမှန်အတိုင်း Log In ပြန်လည်ဝင်ရောက်နိုင်ပါတယ် Device History အားလူံးပျက်သွားမှာဖြစ်ပြီး Device history ကို အစကနေပြန်လည်မှတ်သားမှာဖြစ်ပါတယ်
Course ကို ဘယ်လို စာရင်းသွင်းရမလဲ
▾
Course ကိုနှိပ်ဝင်ပါ
Course တွင်းသိူ့ရောက်ပါက အောက်ဆုံးမှာ စာရင်းသွင်းမည်/သက်တမ်းတိုးမည် ခလုတ်အားတွေ့နိုင်ပါတယ် အဆိုပါခလုတ်အားနှိပ်ပါ
အော်ဒါအတည်ပြုခြင်း စာမျက်နှာသို့ရောက်ပါက မိမိဝယ်ယူမယ့်သင်တန်းနှင့် ဈေးနှုန်း လျှော့ဈေးတို့ကို သေချာစွာ စစ်ဆေးပါ ( ကူပွန်ကုဒ် ရှိပါက Auto အသုံးပြုပေးပါတယ် )
အတည်ပြုသည် ကိုနှိပ်ပါ
ငွေပေးချေမည့် နည်းလမ်းကို ရွေးချယ်ပါ
KBZpay CBpay wavepay AYApay UAB အစရှိတဲ့ မြန်မာ payment 15 မျိုးထဲမှ တစ်ခုဖြင့် ငွေပေးချေလိုပါက MMQR ကိုရွေးပါ
ထိုင်း Payment ဖြင့်ပေးလိုပါက Promptpay QR ကိုရွေးပါ
Visa Master JCB card တို့ဖြင့်ပေးလိုပါက Credit / Debit Card ကိုရွေးပါ
QR Code အား သက်ဆိုင်ရာ Wallet, Banking App တို့ဖြင့် စကန်ဖတ်ကာ ငွေပေးချေပြီးလည်းကောင်း / Visa Master JCB card နံပါတ်များ ရိုက်ထည့်ပြီး လည်းကောင်း ငွေပေးချေနိုင်ပါတယ်
အောင်မြင်ပြီ ဟုပေါ်လာပါက သင် စာရင်းသွင်း အောင်မြင်ပြီဖြစ်ပါတယ်
သင် စာရင်းသွင်း ရယူထားသော သင်တန်းကို သင့်သင်တန်းများ အောက်တွင်တွေ့နိုင်ပါတယ်
Course တွေဘယ်လိုရှာလို့ရလဲ
▾
မူလစာမျက်နှာ (Home Page) မှာရှာနိုင်ပါတယ်
Newsfeed မှာရှာနိုင်ပါတယ်
ရှာဖွေရန် စာမျက်နှာ (Explore page) ရဲ့ ရှာဖွေရန် box မှာ ရိုက်နှိပ်ရှာဖွေနိုင်ပါတယ်
ရှာဖွေရန် စာမျက်နှာ (Explore page) ရဲ့ ပရော်ဖက်ရှင် > အမျိုးအစားများ များမှတဆင့် ရှာဖွေနိုင်ပါတယ်
ဆရာ ပရိုဖိုင် များမှာလဲရှာနိုင်ပါတယ်
စင်တာ ပရိုဖိုင် များမှာလဲရှာနိုင်ပါတယ်
Facebook Instagram Telegram Viber တို့မှာ Share ပေးသော Course Link (လင့်ခ်) များမှတဆင့်လဲ Course ထံသို့ရောက်ရှိနိုင်ပါတယ်
Device ဘယ်နှခုပြောင်သုံးနိုင်လဲ
▾
Device 3 လုံးအထိပြောင်းသုံးနိုင်ပါတယ်
Device 4 ခုနှင့် အထက်ဖြစ်ပါက Account Auto Suspension (အကောင့်ပိတ်ခံရခြင်း) ဖြစ်နိုင်ပါတယ်
Device 2 ခု အသုံးပြုနေရာမှ တတိယ Device အားပြောင်းသုံးလိုပါက ယခင် သုံးနေကျ Device 2 ခုထဲမှ တစ်ခုကို Log Out ထွက်ပေးရမှာဖြစ်ပြီး Log In ပြန်မဝင်ဖို့လိုအပ်ပါတယ်
Device History မှာ အဆိုပါ Log Out ထွက်ထားသော Device ကို ၃ လ အထိ ပြန်လည်အသုံးမပြုမှသာ Device History မှ Automatic ပြန်လည်ပယ်ဖျက်သွားမှာဖြစ်ပါတယ်
Device ဘယ်နှလုံးသုံးလို့ရလဲ
▾
Device ၂ ခု တပြိုင်ထဲ လော့ဂ်အင် ဝင်ထားနိုင်ပြီး ကျောင်းသား ၁ ဦးထဲမှသာ တချိန်တွင် ၁ လုံးသာ အသုံးပြုနိုင်ပါသည်
Email တစ်ခုထဲ / Phone တစ်ခုထဲ ဖြင့် မတူညီသော ဖုန်းနံပါတ်များဖြင့် Account များဖွင့်လို့ရပါသလား
▾
မရပါ Account တစ်ခုကို email တစ်ခု / ဖုန်းနံပါတ် တစ်ခုဖြင့် Account ဖွင့်ပြီးပါက အဆိုပါ email ဖြင့်ဖြစ်စေ, ဖုန်းနံပါတ်ဖြင့်ဖြစ်စေ အခြား Account ထပ်မံဖွင့်မရပါ
Log Out ထွက်ထားတဲ့ Device က ဘာလို့ Device History မှာပေါ်နေတာလဲ
▾
Device History မှာ အဆိုပါ Log Out ထွက်ထားသော Device ကို ၃ လ အထိ ပြန်လည်အသုံးမပြုမှသာ Device History မှ Automatic ပြန်လည်ပယ်ဖျက်သွားမှာဖြစ်ပါတယ်
MMQR နဲ့ ငွေဘယ်လိုပေးချေမလဲ
▾
အော်ဒါအတည်ပြုခြင်း စာမျက်နှာသို့ရောက်ပြီး အတည်ပြုသည် ကိုနှိပ်ပါက 'ငွေပေးချေမည့် နည်းလမ်းကို ရွေးချယ်ပါ' စာမျက်နှာသို့ရောက်ပါမည်
MMQR ကိုရွေးပြီး အတည်ပြုသည် ကိုနှိပ်ပါ
MMQR ရဲ့ QR code စာမျက်နှာ ကိုရောက်ပါမယ် QR ပုံ ကိုသိမ်းနိုင်ပါတယ်
အဆိုပါ QR ကို စာမျက်နှာ အောက်ခြေမှာပြထားသော မြန်မာ Payment 15 မျိုးနဲ့ စကန် ဖတ်ပြီး ငွေပေးချေနိုင်ပါတယ်
ငွေပေးချေမှုအောင်မြင်ပါက Course စာရင်းသွင်း လဲအောင်မြင်ပြီဖြစ်ပါတယ်
MMSO App မှာ အကောင့် လော့ဂ်အင် (Log In) ဘယ်လိုဝင်မလဲ
▾
MMSO App ကိုဖွင့်ပါ
ပရိုဖိုင် ကိုသွားပါ "အကောင့်ဝင်ပါ" ခလုတ်ကိုနှိပ်ပါ
လော့ဂ်အင် စာမျက်နှာ သိူ့ရောက်ပါမယ် နိုင်ငံကုဒ်ကို ရွေးပါ
ဖုန်းနံပါတ်နေရာမှာ 09 (သို့) 9 ဖြင့် စပြီး ဖုန်းနံပါတ်ရိုက်ထည့်ပါ
ဆက်လက်လုပ်ဆောင်ရန် ကိုနှိပ်ပါ , OTP တောင်းရန် ဖုန်းနံပါတ် (သို့) အီးလ်မေး ကိုရွေးပါ
ဖုန်းကိုရွေးပါက ဖုန်း မက်ဆေ့ချ် သို့ OTP ရောက်လာမည်ဖြစ်ပြီး အီးလ်မေး ကိုရွေးပါက အီးလ်မေး သို့ OTP ဝင်လာမည်ဖြစ်ပါသည်
OTP ကို အကွက် ၆ ကွက်မှာရိုက်ထည့်ပါ
စိမ်းသွားပါက လော့ဂ်အင် ဝင်ရောက်မှုအောင်မြင်သွားပါမည်
Register ဘယ်လိုလုပ်မလဲ
▾
MMSO App ကိုဖွင့်ပါ
ပရိုဖိုင် ကိုသွားပါ "အကောင့်ဝင်ပါ" ခလုတ်ကိုနှိပ်ပါ
လော့ဂ်အင် စာမျက်နှာ သိူ့ရောက်ပါမယ် နိုင်ငံကုဒ်ကို ရွေးပါ
ဖုန်းနံပါတ်နေရာမှာ 09 (သို့) 9 ဖြင့် စပြီး ဖုန်းနံပါတ်ရိုက်ထည့်ပါ
ဆက်လက်လုပ်ဆောင်ရန် ကိုနှိပ်ပါ
နာမည် အီးလ်မေး တို့ကိုရိုက်ထည့်ပါ, ပြီးရင် ဖုန်း/ အီးလ်မေး သို့ OTP တောင်းခံပါ
ဖုန်းကိုရွေးပါက ဖုန်း မက်ဆေ့ချ် သို့ OTP ရောက်လာမည်ဖြစ်ပြီး အီးလ်မေး ကိုရွေးပါက အီးလ်မေး သို့ OTP ဝင်လာမည်ဖြစ်ပါသည်
OTP ကို အကွက် ၆ ကွက်မှာရိုက်ထည့်ပါ
ပြီးရင် နှစ်သက်ရာ ပရော်ဖက်ရှင် , အမျိုးအစားများကိုရွေးချယ်ပြီး ရှေ့ဆက်မည်/ ပြီးပါပြီး ခလုတ်များ ကိုနှိပ်ပါ
ပြီးပါက Register အောင်မြင်သွားပြီဖြစ်ပါသည်
Video ဖွင့်ကြည့်မရဘူး Video အဝိုင်းလည်နေတယ် ရပ်နေတယ် ဘယ်လိုလုပ်ရမလဲ
▾
လော့ ကျနေလို့ဖြစ်နိုင်ပါတယ် Course သက်တမ်းကုန်ဆုံးရက်ကိုကြည့်ပေးပါ Expired ဖြစ်နေပါက 'သက်တမ်းတိုးမည်' ဖြင့် Course သက်တမ်းတိုးပါ
Account မှားဝင်ထားတာဖြစ်နိုင်ပါတယ် သင်တန်းဝယ်ထားတဲ့ Account phone no. နဲ့ သင် ယခု Device မှာ Log In ဝင်ထားတဲ့ Account phone no. တူမတူ စစ်ဆေးပါ (email တွင် ဝယ်ယူထားတဲ့ Account သက်သေပြန်ရှာနိုင်ပါတယ်)
အဝိုင်းလည်နေတယ်ဆိုရင် ပထမဆုံး အင်တာနက်မြန်နှုန်း ကိုစစ်ဆေးပါ
VPN ကိုစစ်ဆေးပါ VPN ပိတ်ထားပါက ဖွင့်သူံးကြည့်ပါ VPN ဖွင့်ထားပါက ပိတ်သူံးကြည့်ပါ
Storage ပြည့်နေတာဖြစ်နိုင်ပါတယ် Device Storage ပြည့်နေမနေစစ်ဆေးပြီး Storage 3 GB အနည်းဆုံးကျန်နေအောင်လုပ်ပါ
VPN Storage ပြဿနာမဟုတ်ပါက Application cache or data ပြဿနာဖြစ်နိုင်ပါတယ် App Setting တွင် Clear Data လုပ်ပါ / App ကို Uninstall ပြုလုပ်ပြီး Install ပြုလုပ်ပါ Version မြှင့်ပါ
ဒေါင်းလုတ် ထားပြီးသား Video ကြည့်မရပါက ဒေါင်းလုတ် file ကို Delete လုပ်ပြီး ပြန် Download ရန် လိုအပ်နိုင်ပါတယ်
(Huawei device ဖြစ်ပါက Google ပြဿနာဖြစ်နိုင်တဲ့ အတွက် ပြင်ဆင်ပေးရန် အခက်အခဲရှိနိုင်ပါတယ် အခြား Device ပြောင်းသုံးရန်လိုအပ်ပါတယ်)
Videos ဘယ်လိုကြည့်မလဲ
▾
သင် စာရင်းသွင်း ရယူထားသော သင်တန်းကို သင့်သင်တန်းများ အောက်တွင်တွေ့နိုင်ပါတယ်
Course ကိုနှိပ်ဝင်ပါ, သင်ရိုးအောက် မှာ ဗီဒီယို ပါတဲ့ Chapter များတွေ့နိုင်ပါတယ် နှစ်သက်ရာ Chapter ကိုနှိပ်ဝင်နိုင်ပါတယ်
သင်နှစ်သက်ရာ Video ကိုနှိပ်ဖွင့်ကြည့်နိုင်ပါတယ်
Offline ရယူလိုပါက ဒေါင်းလုတ် ခလုတ်အားနှိပ်ကာ ဒေါင်းလုတ် ရယူနိုင်ပါတယ်
Visa Master JCB card များ နဲ့ ငွေဘယ်လိုပေးချေမလဲ
▾
အော်ဒါအတည်ပြုခြင်း စာမျက်နှာသို့ရောက်ပြီး အတည်ပြုသည် ကိုနှိပ်ပါက 'ငွေပေးချေမည့် နည်းလမ်းကို ရွေးချယ်ပါ' စာမျက်နှာသို့ရောက်ပါမည်
Credit / Debit Card ကိုရွေးပြီး အတည်ပြုသည် ကိုနှိပ်ပါ
Card အချက်အလက်များကိုဖြည့်ပါ နာမည် , Card နံပါတ်, Expiry date , CVC နံပါတ်တို့ကို မှန်ကန်စွာဖြည့်ပါ ငွေပေးချေပါ
ငွေပေးချေမှုအောင်မြင်ပါက Course စာရင်းသွင်း လဲအောင်မြင်ပြီဖြစ်ပါတယ်
ထိုင်း Payment နဲ့ ငွေဘယ်လိုပေးချေမလဲ
▾
အော်ဒါအတည်ပြုခြင်း စာမျက်နှာသို့ရောက်ပြီး အတည်ပြုသည် ကိုနှိပ်ပါက 'ငွေပေးချေမည့် နည်းလမ်းကို ရွေးချယ်ပါ' စာမျက်နှာသို့ရောက်ပါမည်
Promptpay QR ကိုရွေးပြီး အတည်ပြုသည် ကိုနှိပ်ပါ
Promptpay QR ရဲ့ QR code စာမျက်နှာ ကိုရောက်ပါမယ် QR ပုံ ကိုသိမ်းနိုင်ပါတယ်
အဆိုပါ QR ကို Promptpay လက်ခံသော ထိုင်း Payment App, Bank App, Wallet App များ နဲ့ စကန် ဖတ်ပြီး ငွေပေးချေနိုင်ပါတယ်
ငွေပေးချေမှုအောင်မြင်ပါက Course စာရင်းသွင်း လဲအောင်မြင်ပြီဖြစ်ပါတယ်
ပရော်ဖက်ရှင် , အမျိုးအစားများ တွေပြန်ပြောင်းချင်ပါတယ်
▾
MMSO App ကိုဝင်ပါ
ပရိုဖိုင် ကိုသွားပါ ဆက်တင်များ ကိုဝင်ပါ
ပရော်ဖက်ရှင် ပြောင်းလဲရန် ကိုဝင်ပါ
ပြီးရင် နှစ်သက်ရာ ပရော်ဖက်ရှင် , အမျိုးအစားများကိုရွေးချယ်ပြီး ရှေ့ဆက်မည်/ ပြီးပါပြီး ခလုတ်များ ကိုနှိပ်ပါ
ဖုန်းနံပါတ် နဲ့ OTP တောင်းတာ OTP မကျဘူး OTP မက်ဆေ့ချ် ဝင်မလာဘူး ဘယ်လိုလုပ်ရမလဲ
▾
၁. လိုင်းခဏကျသွားတာမျိုးဖြစ်နိုင်ပါတယ် "OTP ပြန်ပို့မည်။" မှတဆင့် စက္ကန့် ၆၀ ပြည့်ပါက OTP မက်ဆေ့ချ် ပြန်တောင်းနိုင်ပါတယ်
၂. "OTP ပြန်ပို့မည်။" ဖြင့်လဲမရပါက ဖုန်း အော်ပရေတာ ဘက်ကလိုင်းကျနေတာဖြစ်နိုင်ပါတယ် မိနစ် ၃၀ လောက်စောင့်ပေးရန်လိုပါတယ်
၃. မိနစ် ၃၀ မစောင့်နိုင်ပါက "အီးမေးလ်သို့ OTP ပို့မည်" ဖြင့် OTP ကို အီးမေးလ် မှတဆင့်တောင်းနိုင်ပါတယ်
ဖုန်းနံပါတ်မှားထည့်မိထားပါတယ် ဘယ်လိုပြန်ပြင်လို့ရမလဲ
▾
ဖုန်းနံပါတ်မှားယွင်းနေပါက တကြိမ်ပြန်လည်ပြင်ဆင်နိုင်ပါတယ်
ဖုန်းနံပါတ် အစအဆုံးပြန်ပြင်လို့မရပါ ဖုန်းနံပါတ် ၁-၂ လူံးလွဲမှားခြင်းမျိုးကိုသာ ပြန်လည်ပြင်ဆင်ပေးပါသည်
Contact Us Page မှတဆင့် Admin ထံဆက်သွယ်ပါ
အီးမေးလ် နဲ့ OTP တောင်းတာ OTP မကျဘူး OTP အီးမေးလ် ဝင်မလာဘူး ဘယ်လိုလုပ်ရမလဲ
▾
၁. လိုင်းခဏကျသွားတာမျိုးဖြစ်နိုင်ပါတယ် "OTP ပြန်ပို့မည်။" မှတဆင့် စက္ကန့် ၆၀ ပြည့်ပါက OTP မက်ဆေ့ချ် ပြန်တောင်းနိုင်ပါတယ်
၂. "OTP ပြန်ပို့မည်။" ဖြင့်လဲမရပါက အီးမေးလ် အော်ပရေတာ ဘက်ကလိုင်းကျနေတာဖြစ်နိုင်ပါတယ် မိနစ် ၃၀ လောက်စောင့်ပေးရန်လိုပါတယ်
၃. မိနစ် ၃၀ မစောင့်နိုင်ပါက 'ဖုန်းသို့ OTP ပို့မည်' ဖြင့် OTP ကို ဖုန်းမက်ဆေ့ချ် မှတဆင့်တောင်းနိုင်ပါတယ်
အီးမေးလ်မှားထည့်မိထားပါတယ် ဘယ်လိုပြန်ပြင်လို့ရမလဲ
▾
အီးမေးလ်မှားယွင်းနေပါက တကြိမ်ပြန်လည်ပြင်ဆင်နိုင်ပါတယ်
အီးမေးလ် အစအဆုံးပြန်ပြင်လို့မရပါ အီးမေးလ် စကားလုံး ၁-၂ လူံးလွဲမှားခြင်းမျိုးကိုသာ ပြန်လည်ပြင်ဆင်ပေးပါသည်
Contact Us Page မှတဆင့် Admin ထံဆက်သွယ်ပါ