MMSO MM Study Online

Terms and Conditions for Instructors


Instructor များ၏ သင်ကြားရေး Curriculum ဆိုင်ရာ တာဝန်များ


Instructor များသည် LIVE session များ နှင့် Video များတွင် ကျောင်းသားများ နားလည်တတ်ကျွမ်းသည်အထိ သက်ဆိုင်ရာ title အား သင်ကြားရမည်

Instructor များသည် သက်ဆိုင်ရာ Course , Chapter, Lecture များ၏ ခေါင်းစဉ်များ Description များ Curriculum များ ဈေးနှုန်းများ ပြည့်စုံတိကျစွာ Centre admin အား ကြိုတင်ပေးပို့ရမည်

Course/chapter နှင့် သက်ဆိုင်ရာ လိုအပ်သမျှ video များ resources များ နှင့် Quiz များ အား အစီအစဉ်ကျစွာ ပြည့်စုံစွာ folder အသီးသီးဖြင့် Centre admin အား ကြိုတင် ပေးပို့ရမည်

Chapter များ၏ အစီအစဉ်ကိုလဲ Centre admin အား ပေးပို့ရမည်

Instructor များသည် LIVE sessions များကို ၂ ပတ်ကြိုတင်သတ်မှတ်ပြီး သတ်မှတ်ရက်နှင့် အချိန်အတိုင်း သင်ကြားရမည်

Video များ resources များနှင့် Quiz များအား သတ်မှတ်ထားသည့် deadline မတိုင်ခင် ပြီးစီးအောင်ဆောင်ရွက်ရပါမည်

Students ဘက်မှ ဝယ်ယူထားပြီးသော LIVE sessions များအား အချိန်ရွှေ့ခွင့်မရှိပါ အချိန်ရွှေ့မည်ဆိုပါက LIVE session တစ်ချိန်စာ ကျောင်းသားများအားပြန်လည်ပေးလျော်ရမည်

Discussion Forum တွင် သက်ဆိုင်ရာ Instructor မှ ၃ ရက်လျှင် အနည်းဆုံး တကြိမ် User များမှမေးမြန်းသော discussion များအား ပြန်လည် ဖြေကြားပေးရမည်


Centre admin ဆိုင်ရာတာဝန်များ


Instructor ပေးပို့သမျှ Course များ Description များ Chapter များ quiz များ Resourcesများ Video များ LIVE class များကို MMSO Application dashboard တွင် Intrcuctor ထံမှ ရရှိပြီး ၁ ပတ်အတွင်း ပြည့်စုံမှန်ကန်စွာ တည်ဆောက်ပေးရပါမည်

Centre သည် သက်ဆိုင်ရာ Instructor နှင့် ကြိုတင်သဘောတူညီချက်အတိုင်း အဆိုပါ Instructor ၏ Content များ , Course ဈေးနှုန်းများ, သက်ဆိုင်ရာ Cupon code များအား အသစ်ဖန်တီးခွင့် ပြုပြင်ပြောင်းလဲခွင့် ဖျက်သိမ်းခွင့် ရှိပါသည်

Course တစ်ခု မစတင်ခင် တစ်လအလိုတွင် Course တွင်ပါဝင်မည့် Curriculum နှင့် ဈေးနှုန်းများအား နှစ်ဦးသဘောတူညီမှု ထားရမည်

Instructor အတွက် Centre ဘက်မှ ၂ ပတ်ကြိုတင်ပြီး Course အကြောင်း Students များထံ သတင်းပို့ကြော်ငြာရမည်

Instructor များထံ Students များတက်ရောက်ရန် Centre ဘက်မှ Marketing and Advertisements များပြုလုပ်ပေးရမည်


Content ဆိုင်ရာသတ်မှတ်ချက်များ


Chapter တစ်ခုစီတွင် အများဆုံး 20% သာ Free video အဖြစ် ထားရှိရမည်

Course တစ်ခုလျှင် တင်ထားသော Video များ နှင့် Resources များ၏ စုစုပေါင်း size သည် 10 GB ထက်မပိုရ


Students ဆိုင်ရာ သတ်မှတ်ချက်များ


Students များ၏ Personal Data များအား Instructor ဘက်မှာ Access လုပ်ခွင့်မရှိပါ

Instructor ဘက်မှ Students များ၏ Quiz Marks, Course Progress နှင့် Q and A LIVE Sessions များဖြင့်သာ Access ပြုလုပ်ခွင့်ရှိပါသည်

Instructor ဘက်မှ Centre မှ တဆင့် သာ Students များအားဆက်သွယ်ခွင့်ရှိပါသည်

Students များဘက်မှ Active Device ၂ ခုသာ အသုံးပြုနိုင်ရေးအတွက် Centre နှင့် Platform ဘက်မှ ထိန်းသိမ်းပေးပါမည်


Instructor ဘက်မှ တာဝန်ယူမှု တာဝန်ခံမှု


သက်ဆိုင်ရာ Course တစ်ခုအား အနည်းဆုံးUser တစ်ဦးထံရောင်းချပြီးပါက ပါဝင်ရမည့် chapter များ Content များ LIVE sessions သင်ကြားခြင်းများအား Course တစ်ခုပြည့်စုံစွာ ပြီးဆုံး သည်အထိ တာဝန်ယူမည်ဟု Instructor ဘက်မှ သဘောတူပါသည်

Course တစ်ခုပြီးဆုံးပြည့်စုံရန် ပျက်ကွက်ခဲ့ပါက ဝယ်ယူထားရသော user ၏ နစ်နာခြင်းအတွက် Course ရောင်းရငွေအပြည့်အား User ထံပေးလျော်ပါမည် ဟု Instructor ဘက်မှ သဘောတူပါသည်


MMSO Platform နှင့် Centre admin ဘက်မှ တာဝန်ယူမှု တာဝန်ခံမှုများ


MMSO ဘက်မှ Platform ၏ လုပ်ဆောင်ချက်များ, Centre Teacher Course Chapter Content များဖန်တီးခြင်း, Video ကြည့်ရှုခြင်း, Quiz ဖြေဆိူခြင်း, LIVE session တက်ရောက်ခြင်း, Articles များ ဖတ်ခြင်း အစရှိသော လုပ်ဆောင်ချက်များ နှင့် ပတ်သက်ပြီး ပကတိအရှိအတိုင်း လုပ်ဆောင်ချက်များအတိုင်းသာ အတိုင်းအတာတစ်ခုအထိသာ တာဝန်ယူပါသည်

အဆိုပါလုပ်ဆောင်ချက်များသည် သုံးစွဲသူUser များအားလုံး ပြီးပြည့်စုံစွာ စိတ်တိုင်းကျသည်အထိ ပြီးပြည့်စုံခြင်းအတွက် တာဝန်မယူပါ

User များမှ ဝယ်ယူထားသော Course /chapter များ၏ သက်တမ်းတစ်ခုပြည့်သည်အထိ MMSO Platform မှတဆင့် သင်ယူနိုင်စေရေးအတွက် တာဝန်ယူပါသည်

Platform အနေခြင့် Platform ၏ လုပ်ဆောင်ချက်များ ပျက်ယွင်းခြင်း ရပ်တန့်ခြင်းများ အား ပြုပြင်ပေးခြင်းအတွက် နိုင်ငံအတိုင်းအတာဖြင့် လျှပ်စစ်မီး အင်တာနက်လိုင်းများပြတ်တောက်ခြင်း, ကမ္ဘာ့အတိုင်းအတာ နိုင်ငံအတိုင်းအတာဖြင့် server down ခြင်း , သဘာဝဘေးအန္တရာယ်ကပ်ဆိုးများ , ကုမ္ပဏီဒေဝါလီခံခြင်း အစရှိသော MMSO ၏ ပြုပြင်ပေးနိုင်စွမ်းထက်ကျော်လွန်သော ကိစ္စရပ်များမှ အပ ကျန်ပြဿနာများအတွက် ပြဿနာ အကြီးအသေးပေါ်မူတည်ပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်း Centre များဘက်မှစိတ်တိုင်းကျသည်အထိ အကောင်းဆူံး ကြိူးစားခြင်းဖြင့် ၂၄ နာရီအတွင်း အမြန်ဆုံး ပြုပြင်ပေးမည်ဟု တာဝန်ယူပါသည်

MMSO နှင့် လက်တွဲလုပ်ကိုင်နေနော Third-Party Service Provider များ (AWS, Apple, Vimeo, Google firebase, etc) ဘက်မှ ဖြစ်ပွားသော ပြဿနာများအား MMSO ဘက်မှ ၂၄ နာရီအတွင်း တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်ပါ ။ သို့သော် အမြန်ဆုံးနည်းဖြင့် Service Provider ပြောင်းလဲခြင်း Alternative နည်းလမ်းများရှာဖွေခြင်း တို့ဖြင့် ပြုပြင်ပေးသွားမည်ဖြစ်ပါသည်

နိုင်ငံအတိုင်းအတာဖြင့် လျှပ်စစ်မီး အင်တာနက်လိုင်းများပြတ်တောက်ခြင်း, ကမ္ဘာ့အတိုင်းအတာ နိုင်ငံအတိုင်းအတာဖြင့် server down ခြင်း, သဘာဝဘေးအန္တရာယ်ကပ်ဆိုးများ, ကုမ္ပဏီဒေဝါလီခံခြင်း , Third-Party Service Provider များတွင် ဖြစ်ပွားသော ပြဿနာများ အစရှိသော MMSO ၏ထိန်းချုပ်နိုင်စွမ်းထက်ကျော်လွန်သော ပြဿနာများမှ အပ ကျန်ပြဿနာများကြောင့် Centre များ၏ Content များ Data များ ပျက်ဆီးခြင်း ပျောက်ဆုံးခြင်းများ အတွက် MMSO ဘက်မှ User များနှင့် Centre များအတွက် အပြည့်အဝတာဝန်ယူပါသည်

Centre ဘက်မှ ဖျက်ပစ်ခြင်း ပြုပြင်ခြင်း ကြောင့် မဟုတ်ပဲ course/chapter များ၏ Content များ Data များ ပျက်ဆီးခြင်း ပျောက်ဆုံးခြင်းများ အတွက် တာဝန်ယူသည့်အနေဖြင့် Course/chapter ဝယ်ယူထားရသော User နစ်နာခြင်းအတွက် သက်ဆိုင်ရာ Course/chapter ရောင်းရငွေအား MMSO platform မှ user ထံသို့ ပေးလျော်ခြင်းဖြင့် တာဝန်ယူပါသည်

ထို့အပြင် Centre များမှပိုင်သော Data များကို MMSO admin and development team , ချိတ်ဆက်လုပ်ဆောင်နေသော third party services (such as Google firebase analytics, Dinger payment, etc), third party individuals( service supporters, service analytics) များမှ access ပြုလုပ်ခွင့်ရှိမည်ဖြစ်ပြီး ကျန် မည်သူတစ်ဦးတယောက်မျှ အဖွဲ့အစည်းကမှ Access ပြုလုပ်ခွင့်ရရှိမည်မဟုတ်ကြောင်း တာဝန်ယူပါသည်

ထိုသို့လုံခြုံမှုကိုတာဝန်ယူမည်​ဖြစ်သည့်အတွက် MMSO platform တွင် တင်ထားသော Content များကို အခြား security မလုံခြုံသော platform များ (ဥပမာ - telegram, youtube, Facebook, Instagram, Google drive, Google classroom, websites etc) တွင် Instructor ဘက်မှ တင်ခွင့်မရှိပါ

ထိုသို့ မလုံခြုံသော အခြား platform များတွင် ပြိုင်တူတင်ထားပြီး data ပေါက်ကြားခြင်း ဖြစ်ပေါ်ခဲ့လျှင် MMSO နှင့် Centre ဘက်မှ မည်သည့်တာဝန်မှ ယူမည်မဟုတ်ပါ

Content data လုံခြုံမှုအား MMSO platform မှ token bound encryption များ, screen record, screenshare များပိတ်ဆို့ခြင်းများ စသည်တို့ ဖြင့်တာဝန်ယူသော် လဲ user ဘက်မှ အခြား device တလုံးဖြင့် app screen အား Video Photo ရိူက်ကူးပြီး content data တရားမဝင်ဖြန့်ဖြူးခြင်းအား မတားဆီးနိုင်ပါ

ထိုကဲ့သို့ data ဖြန့်ဖြူးခြင်းဖြစ်ပွားပါက screen တွင်ပေါ်နေသော user ID ဖြင့် ဖြန့်ဖြူးသူအား သိရှိနိုင်ပြီး တရားစွဲဆိုသည်အထိ ကူညီပေးသွားမည်ဖြစ်ပါသည်


Copyright


MMSO platform တွင် Instructor မှ ဖန်တီး Upload ပြီးသော Content များဖြစ်သည့် Video Lecture file များ၊ Quiz File များ၊ Resources file များအား သက်ဆိုင်ရာ Instructor မှ သာ copyright ပိုင်ဆိုင်ပါသည်

Centre မှတာဝန်ယူရိုက်ကူးပေးရသော Video များအား Instructor မှ Copyright ပိုင်ဆိုင်ပြီး Centre မှ Related Right ပိုင်ဆိုင်ပါသည်

Related right အရ အဆိုပါ Video များအား လက်တွဲဖြုတ်ပြီးသည့်တိုင် Centre တွင် ၄ နှစ်အထိရောင်းချနိုင်မည်ဖြစ်သည် အဆိုပါရောင်းရငွေပမာဏများအား ပုံမှန်အတိုင်း Instructor အား Centre မှ အပ်နှံရမည်ဖြစ်သည်

Centre နှင့် Instructor တို့ လက်တွဲဖြုတ်ပြီးပါက Upload ပြုလုပ်ထားသော Content များအား ဆက်လက်ရောင်းချခွင့် ခြင်းမရှိတော့ပဲ disabled content များအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး

ယခင်ဝယ်ယူထားရှိသူများအတွက် ဆက်လက် အသုံးပြုခွင့်မှအပ platform , သက်ဆိုင်ရာ Centre နှင့် Instructor တို့မှ platform ပေါ်တွင် ဆက်လက်ရောင်းချခွင့် မရှိတော့ပါ

Related Right ပိူင်ဆိုင်သော content များကိုသာ Centre ဘက်မှ 4 နှစ်အထိ ဆက်လက်ရောင်းချခွင့်ရှိပါသည်


ဈေးနှန်း နှင့် စျေးလျှော့ခြင်းအတွက် သတ်မှတ်ချက်များ


Instructor များသည် Course Fees စျေးနှုန်းများအား အခြား centre များနှင့် တူညီစွာ သတ်မှတ်ရမည်

Marketing ရည်ရွယ်ချက် အတွက် discount အား ၂၀% အဖြစ်ကြိုတင်လျာထားပြီး ဈေးလျှော့ခြင်းအား Instructor ဘက်မှ ကြိုတင်လက်ခံရမည်

၂၀% ထက် ပိုမိုဈေးလျှော့ခြင်းများအား Instructor ၏ သဘောတူညီချက်ဖြင့်သာ ဈေးလျှော့နိုင်ပါသည်

Course များ၏ ဈေးနှုန်းများကို User များအတွက် သင့်​လျော်သော ဈေးနှုန်းများ ထားရှိရမည်, တခြား Platform တွင် တင်ထားသော ဈေနှုန်းးနှင့် MMSO platform တွင် တင်ထားသော ဈေးနှုန်း တို့သည် ၂၀% ထက်ပိုသော ဈေးကွာဟမှုမရှိရ

လျှော့ဈေး 80% ထက်မပိုရ, လျှော့ပြီးဈေးနှုန်းသည် ၁၅၀၀၀ ကျပ် ထက်မလျော့နည်းရပါ


ငွေပြန်အမ်းခြင်းအတွက် သတ်မှတ်ချက်


ဝယ်ပြီးသည့် Course များအတွက် Centre ဘက်မှ (သို့) Instructor ဘက်မှ တစုံတရာပျက်ကွက်ခြင်းမရှိပါက အဆိုပါ Course ဝယ်ယူခြင်းအတွက် Student ထံ ငွေပြန်အမ်းခြင်းမရှိပါ


Fees နှင့် ရောင်းရငွေအပ်နှံခြင်း


Instructor ဘက်မှ ယူမည့် Fees များအား အခြား Centre များနှင့် တူညီစွာထားရှိရမည်

လစဉ်လတိုင်း 1 ရက်နေ့ မှ 30/31 ရက်နေ့အတွင်း ရောင်းရငွေများမှ Instructor ရရှိရမည့် ငွေပမာဏအား နောက်လ 1 ရက်နေ့မှ 7 ရက်နေ့အတွင်း ပေးဆောင်ပါမည်

Instructor မှရရှိမည့်ငွေပမာဏ မှာ စုစုပေါင်း ရငွေမှ MMSO platform fees %, Centre Fees % နှင့် Bank များမှ သတ်မှတ်ထားသော % များနုတ်ပြီး ကျန်ငွေပမာဏဖြစ်ပါသည်


လက်တွဲဖြုတ်ခြင်း နှငိ့ Data များ Content များအားဖျက်သိမ်းခြင်း


Instructor နှငိ့ Centre သည် လက်မှတ်ထိုးပြီးချိန်မှစ၍ ၃ နှစ်ပြည့်မှသာ လက်တွဲဖြုတ်ခွင့်ရှိပါသည်

MMSO platform တွင် Complete course တင်ပြီး စတင်ရောင်းချသည့်ရက်မှ 12 လ အတွင်း ဝယ်သူ တဦးမှ မရှိပါက Course နှင့် Course content များအား MMSO ဘက်မှ ဖျက်သိမ်းသွားမည်ဖြစ်ပါသည် အဆိုပါ Content များအား ပြန်လည် upload ခွင့်မရှိပါ

Instructor ဘက်မှဖြစ်စေ Centre ဘက်မှဖြစ်စေ တဖက်ဖက်မှ ဒေဝါလီခံခြင်း၊ လုပ်ငန်းဖျက်သိမ်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ တည်ဆဲဥပဒေချိုးဖောက်ခြင်း နှင့် အခြားတဖက်အား လုပ်ငန်းအရထိခိုက်ပျက်ဆီးစေခြင်း များရှိခြင်် ထင်ရှားပါက ချက်ချင်းလက်တွဲဖြုတ်နိုင်ပါသည်

လက်တွဲဖြုတ်​ချိန်တွင် သင်နေလျက်ရှိသော Course များအတွက် လက်တွဲဖြုတ်သည့်ဘက်မှ students များထံ fees ပေးလျော်ရမည်

လက်တွဲဖြုတ်ပြီးကာလတွင် ဆက်လက်အသုံးပြုပိုင်ခွင့်သည် Copyright တွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်

Course/chapter/content များ Data များအား ဝယ်ယူထားပြီးသော User အတွက် Course/chapter များသက်တမ်းမကုန်မီအထိ platform တွင် ဖျက်သိမ်းခွင့်မရှိပါ

ဆကိလက်ရောင်းချခြင်းအားရပ်တန့်ရန် Inactive state သာပြုလုပ်ခွင့်ရှိသည်

သက်တမ်းအားလုံးကုန်ဆုံးမှသာလျှင် ဖျက်သိမ်းခွင့်ရှိသည်